CORPORATE REGISTERS FORUM ၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်

Print Friendly, PDF & Email

Corporate Registers Forum ၏ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နေ့လည် ၃:၃၀ နာရီတွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် ဦးစိုးမြင့်အောင် ပါဝင်တက်ရောက်ခဲ့ပါသည် ။  အဆိုပါ Corporate Registers Forum သည် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မှတ်ပုံတင်စနစ်များ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ရန်၊ အတွေ့အကြုံများနှင့် သတင်းအချက် အလက်များ မျှဝေသွား ရန် ရည်ရွယ်ပါသည် ။ မြန်မာနိုင်ငံအနေဖြင့် Corporate Register Forum သို့ ၂၀၁၇ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။