
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဝင်းလင်း ကုမ္ပဏီလီမိတက်မှ တင်ပြလာသော ကော်ဖီနှင့် အခြားသော နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းလုပ်ငန်းနှင့် Nice Kayah ကုမ္ပဏီလီမိတက်မှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတို့အား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။
