
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကော်မတီအဖွဲ့ဝင် (၄) ဦးနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေး၌ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးခဲ့ပြီး အစည်းအဝေးမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ စက်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၄၇.၉၅၀ သန်းဖြင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုအား အတည်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းမှ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၅၂) နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
