ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှု ကဏ္ဍတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟောင်ကောင်တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကိုအတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၃.၉၁၁ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းပမာဏ စုစုပေါင်း ကျပ် ၁၂၄၅.၀၀၀ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ၂၆၁၉ ဦး အတွက်  ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။