လုပ်ငန်းခွင် လက်တွေ့လေ့လာရေး(INTERNSHIP) သင်တန်းဖွင့်ပွဲအခမ်းအနား

Print Friendly, PDF & Email

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ စီးပွားရေးပညာဘွဲ့ တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများအား ရုံးလုပ်ငန်းသဘောတရားများကို နားလည်ပြီး အလုပ်ခွင်တွင် အဆင်ပြေစွာလုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းကျွမ်းကျင်ရန်၊ ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရန်စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နံနက် (၁၀၀၀) နာရီတွင် ရန်ကုန် (ရုံးချုပ်) ၌ ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးပြုလုပ်မည့် ကျောင်းသားများအပါအဝင် စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းခွင် လက်တွေ့လေ့လာရေးကာလမှာ ရက်သတ္တ (၄) ပါတ် ကြာမြင့်မည်ဖြစ်ပါသည်။