
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်အသုံးပြု၍ အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်- ၄၅၉၊ မြေတိုင်းရပ်ကွက် အမှတ် -၂၅၊ ရွှေလင်ပန်းစက်မှုမြို့ ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Dong Yu Garment Company Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ၁၆ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။