
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ Deutsche Gesellschaft fürInternationaleZusammenarbeit GmbH (GIZ) ၏ ပူးပေါင်းမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား”ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဟိုတယ်ထားဝယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဒေါ်တင်အေးဟန်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

