
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဆက်စပ် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများက ကချင်ပြည်နယ်အတွက် Online Investment Fair ကျင်းပပြုလုပ်ရန်ကြိုတင်ပြင်ဆင်ခြင်းနှင့် Myanmar Golden Leaf Bio-Technology Company Limited မှ တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ လောင်စာတောင့်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပိုးစာပင် အခြေခံ အထပ်သား၊ သစ်ပါးလွှာ ထုတ်လုပ်ခြင်း လုပ်ငန်းများ၏ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
