
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ ၀၀ အချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဌာနခွဲမှ ညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများသည် သက်ဆိုင်ရာနေရာ အသီးသီးမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ၁၁ ၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

