INVESTOR PERCEPTION SURVEY နှင့်စပ်လျဉ်းသည့် VIRTUAL MEETING တစ်ရပ်ကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် IFC တို့ ပူးပေါင်း၍ ပြုလုပ်မည့် Survey of Investor Perception အား ရှင်းလင်းဆွေးနွေးရန်ရည်ရွယ်၍ Investor Perception Survey Meeting ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၁၄ ၀၀ နာရီချိန်မှ နေ့လည် ၁၅ ၀၀ နာရီအချိန်ထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး၊ IFC မှ Operations Officer ဖြစ်သူ ဦးသစ္စာ၊  Myanmar Survey Research Co. Ltd မှ Managing Director ဖြစ်သူ Ms. Marita Schimpl နှင့် နိုင်ငံခြားကုန်သည်ကြီးများအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး FC မှ Operations Officer ဖြစ်သူ ဦးသစ္စာက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် Myanmar Survey Research Co. Ltd မှ Managing Director ဖြစ်သူ Ms. Marita Schimpl က Process and Methodology of Investors Perception Survey နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။