
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် (၈)ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှင့် အိမ်ယာအ ဆောက်အဦကဏ္ဍတို့မှ လုပ်ငန်း (၅)ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ (၅၀၃.၉၄၀) သန်းနှင့် ကျပ် (၂၆,၅၂၃.၀၀၀) သန်း ရှိပြီး ပြည်တွင်း လုပ်သား များ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၀၁) နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်ပါသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံပေါင်း (၅၀)မှ စီးပွား ရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၂၉%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ (၂၅.၇၇%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၄%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။
