
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူနှင့် ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် Blue Spring Company Limited မှ တင်ပြလာသော အတည်ပြုမိန့် ပြင်ဆင်ချက်အပေါ် အတည်ပြု ဆွေးနွေးခဲ့ကြပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၆)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၆)ခု မှ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁၉၄၃ မီလီယံနှင့် မြန်မာကျပ်ငွေ ၁၈.၅ ဘီလီယံရှိမည် ဖြစ်ပါသည်။ ယင်းလုပ်ငန်း (၁၆)ခုမှ အလုပ်အကိုင်အခွင့်အလမ်း ၇၆၆ ဦးကို ဖန်တီးပေးနိုင်ခဲ့ပါသည်။