
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပထမအကြိမ်ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ စမ်းမြိုင် တောရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ စမ်းမြိုင်တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယ အမှူးပြု၍ သံဃာတော်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ စမ်းမြိုင်တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပါသည်။ ၎င်းနောက် အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ဌာနဝန်ထမ်းများမှ သံဃာတော် များအား ကထိန်သင်္ကန်းနှင့် လှူဒါန်းဝတ္ထုပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအကဲများနှင့် ဧည့်ပရိသတ်များက စမ်းမြိုင်တောရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယထံမှ ကထိန်အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှဝေပေးကြပါသည်။ အခမ်းအနား အပြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။



