
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ (၁၄/၂၀၁၉)ကြိမ်မြောက် ဝန်ထမ်း များဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ချီးမြှင့်ခဲ့သည့် ပြည်သူ့ဝန်ထမ်းကောင်းနှင့် ပြည်သူ့ဝန်ထမ်းဂုဏ်ထူးဆောင်တံဆိပ် များရရှိခဲ့သည့် ဝန်ထမ်း ၈ ဦးအား ဂုဏ်ပြုစာလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

