
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Thailand Board of Investment) ၏ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်အတွေ့အကြုံများကို လေ့လာရန်နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်လျက်ရှိပါသည်။
အဆိုပါ ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၅ ရက်နေ့တွင် ဗန်ကောက်မြို့ Chamchuri Square ရှိ One Start One Stop Investment Center သို့ သွားရောက်၍ ရင်းနှီး မြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး၊ ပြည်သူ့ ဆက်ဆံရေးနှင့် ကြော်ငြာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ခြင်း မဟာဗျူဟာ၊ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဆက်သွယ်မှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုလုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများ ထောက်ပံ့ပေးခြင်းနှင့်ဆိုင်သည့် လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများ၊ အလုပ်လုပ်ခွင့်နှင့် ဗီဇာ ထုတ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှု များ စသည့်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လေ့လာခဲ့ပါသည်။

