ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ လေ့လာရေးခရီးစဉ်သို့ သွားရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Thailand Board of Investment) ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို လေ့လာရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန် အတွက် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားပါသည်။