
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် Instant Noodles ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကျန်စစ်သားစက်မှုဇုန်၊ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Ta Han Food Industrial Co., Ltd. နှင့် မော်တော်ယာဉ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar General Motor Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ ထုတ်လုပ်မှုအခြေအနေ၊ စီးပွားဖြစ် စတင်ဆောင်ရွက်ပြီး အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်၊ လုံခြုံမှု အထောက်အထားလက်မှတ်နှင့် မတည်ငွေထည့်၀င်မှုအခြေအနေ စသည်များကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက် နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။
