
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်ရှိ Simon Labels (SML) Myanmar Manufacturing Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ် များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ ထုတ်လုပ်မှုအခြေအနေ၊ စီးပွားဖြစ်စတင်ဆောင်ရွက်ပြီးအခြေအနေ၊ အလုပ် သမားခန့်ထားမှု၊ ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်၊ လုံခြုံမှုအထောက် အထားလက်မှတ်နှင့် မတည်ငွေ ထည့်၀င်မှုအခြေအနေ စသည် များကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၃ ရက် နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။