
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည် နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် လှိုင်သာယာမြို့နယ် နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Evergreen Sports Myanmar Ltd, Lin Lin Thar Co., Ltd. နှင့် World Full’s Manufacturing Co., Ltd. တို့အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့တွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူး ဂရုပြု လိုက်နာရမည့် အချက်များ (Version 4.0) (Version 4.1) (Version 5.0) တို့အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေကို video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
