MYANMAR C.P LIVESTOCK CO., LTD. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ကျည်တောင်ကျေးရွာအုပ်စု၊ ဇေယျာသီရိမြို့နယ် နှင့် သပြေကုန်းကျေးရွာ အုပ်စု၊ တပ်ကုန်းမြို့နယ် တို့တွင် ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Myanmar C.P Livestock Co., Ltd. သို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး လိုအပ်သည်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။