ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု အတည်ပြုမိန့် လျှောက်ထားလာခြင်းနှင့် Min Htee Beach Development Co., Ltdက အတည်ပြုမိန့် ပြင်ဆင်ခွင့် တင်ပြလာခြင်းအပေါ် ဆွေးနွေးခဲ့ကြပြီး အတည်ပြုမိန့်(၁)ခုကို ခွင့်ပြုခြင်းနှင့် တင်ပြလာသော အတည်ပြုမိန့် ပြင်ဆင်ခွင့် တို့ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။