
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေး အခြေအနေများ၊ တွေ့ကြုံရင်ဆိုင် နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် အကြံပြုချက်များအား တင်ပြနိုင်ရန် အတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် မတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းရှင်များမှ ဆွေးနွေးမေးမြန်းကြရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ်ပါ ကိစ္စရပ်များနှင့် အသစ်ရေးဆွဲပြဌာန်းရန် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်း ရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မန္တလေးတိုင်းဒေသကြီးဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၁၀၀)ကျော် တက်ရောက် ခဲ့ကြပါသည်။


