
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၇)တွင် ခွင့်ပြုပေးခဲ့ သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ညနေ(၄:၃၀)နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့အရ ခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များ အား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်း ထုတ်ပြန်ချက် (၅/၂၀၁၇)အား ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ (၂၇) ခုမှ သတင်းထောက် (၃၁) ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။
