
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

DaNa Facility ၏ စီစဉ်မှုဖြင့် ဆဋ္ဌမအကြိမ် အများနှင့် အကျုံးဝင်သောစီးပွားရေး လုပ်ငန်းများ (Inclusive Business) နှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့၏ Virtual Meeting တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၂:၀၀ နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ အများနှင့် အကျုံးဝင်သော စီးပွားရေး လုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်နှင့် DICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် အရာထမ်းများ၊ သက်ဆိုင်ရာဌာနများမှ အရာထမ်းများ၊ DaNa Facility မှ ကိုယ်စားလှယ်များ၊ အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင်များ စုစုပေါင်း ၂၇ ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပထမဦးစွာ DaNa Facility မှ Senior Technical Advisor ဖြစ်သူ Mr. Peter Brimble က နှုတ်ခွန်းဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းတို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ ပါသည်။ ထို့နောက် BOP Inc. က ထပ်မံဖွင့်လှစ်ရန်ရှိသည့် COVID-19 တုန့်ပြန်မှုများနှင့် ပတ်သက်သည့် Online Bootcamp သင်ခန်းစာအသစ် ၂ ခု၊ မြန်မာနိုင်ငံ၏ Inclusive Business (IB) မူဝါဒဆိုင်ရာ စာတမ်းနှင့်အတူ နောက်ဆုံးပြင်ဆင်ထားသော လုပ်ငန်း အစီအစဉ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ DaNa Facility က အာဆီယံလှုပ်ရှားမှုများအဖြစ် IB လမ်းညွှန်ချက်နှင့် IB Award 2020 တို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ညနေ ၃:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။