2017 CONFERENCE OF THE CORPORATE REGISTERS FORUM သို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်တွင် ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် 2017 Conference of the Corporate Registers Forum သို့ တက်ရောက်လျက်ရှိပါသည်။

အဆိုပါဖိုရမ်၏ ရည်ရွယ်ချက်မှာ  “စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းတွင် ယနေ့နှင့် မနက်ဖြန်အတွက် အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ”  ဖြစ်ပြီး ယင်းဖိုရမ်တွင် အနာဂတ် စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ရာတွင် လျင်မြန်ချောမွေ့စေရန်အတွက်  အတွေ့အကြုံများအား ဆွေးနွေးဖလှယ်ကြမည် ဖြစ်ပါသည်။