
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် Myanmar Centre for Responsible Business (MCRB) တို့ ပူးပေါင်း၍ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအလေ့အထနှင့်သက်ဆိုင်သည့် သင်တန်းများအား ၂၀၁၇ ခုနှစ် မတ်လ ၆ ရက် နေ့မှ ၂၂ ရက်နေ့အတွင်း ကျင်းပပြုလုပ်လျက်ရှိပါသည်။
အဆိုပါသင်တန်းများအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး ဤဦးစီးဌာနမှ ဝန်ထမ်းများအား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် နေရာ ရွေးချယ်သည့်အချက်များ၊ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအတွက် သင့်လျော်သည့် စီးပွားရေးလုပ်ငန်းအလေ့အထများစသည်တို့အား ဆွေးနွေးပို့ချ သွားမည်ဖြစ်ပါသည်။
သင်တန်းတွင် ဒါရိုက်တာ Ms. Vicky Bowman ဦးဆောင်၍ MCRB မှ ပို့ချသူများ က စီးပွားရေးလုပ်ငန်း အလေ့အထများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အတွေးအမြင်နှင့် ဆောင်ရွက် မှုနည်းလမ်းများနှင့်စပ်လျဉ်းသည့် ဗဟုသုတများ ရရှိစေရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ပါ သည်။ အဆိုပါအချက်များမှာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်နှင့် မကြာမီ ပြဋ္ဌာန်းတော့မည့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတို့နှင့်အညီ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
သင်တန်းပထမနေ့ဖြစ်သည့် ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် MCRB မှ ကျွမ်းကျင်သူများဖြစ်သည့် Ms Bowman၊ Ms Liya Mo၊ Mr Martin Jancik နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း (၃၅) ဦး တက်ရောက်ခဲ့ကြပါ သည်။