
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Abdoulaye Seck ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမွဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့စီးပွားရေးဖိုရမ် ဆက်လက်ဆောင်ရွက်နိုင်ရေး စသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည့်အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ စီးပွားရေးလုပ်ငန်း အမျိုးအစားအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးရေးအတွက် စွမ်းရည်မြင့်သင်တန်းပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။