“CORPORATE SOCIAL RESPONSIBILITY” နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပခြင်း

Print Friendly, PDF & Email

Corporate Social Responsibility နှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူမှုအကျိုးပြု တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ် (Corporate Social Responsibility-CSR) ခေါင်းစဉ်ဖြင့် ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် “Virtual Meeting” ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်ဆွေးနွေးခဲ့ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။