
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၁။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ခွင့်ပြုမိန့်/ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ကော်မရှင်မှ သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀)အား ကဏ္ဍများအလိုက် ခွဲခြားခြင်းမရှိဘဲ ပုံစံတစ်မျိုးတည်းဖြင့် ပြောင်းလဲပြင်ဆင်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စမ်းသပ်ကာလ ၃လ အဖြစ် စမ်းသပ်အသုံးပြုမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ရရှိထားသော ကုမ္ပဏီများအနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၉၇ အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သုံးလပတ် အစီရင်ခံစာတင်ပြရာတွင် အသစ်ထုတ်ပြန်ထားသည့် ပုံစံ-၁၀ အသစ်ဖြင့် ပြောင်းလဲတင်ပြရန် အသိပေးအကြောင်းကြားပါသည်။
၃။ သုံးလပတ်အစီရင်ခံစာ ပုံစံ-၁၀ အသစ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Websiteဖြစ်သည့် www.dica.gov.mm တွင် ဖော်ပြထားပြီး (ပုံစံ-၁၀) တင်ပြခြင်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ပြောင်းလဲခြင်းရှိပါက ကော်မရှင်မှ အချိန်မီအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်