မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းသည့်နည်းလမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်သည့်သင်တန်း (VIRTUAL CAPACITY BUILDING TRAINING) ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

International Finance Corporation (IFC) ၏ စီစဉ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ၏ “ရင်းနှီးမြှုပ်နှံသူများ၏ နစ်နာမှုဖြေရှင်းသည့် နည်းလမ်း (Investor Grievance Mechanism – IGM)” ဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ Virtual Capacity Building Program for Strengthening Myanmar’s Investor Grievance Mechanism ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆:၀၀ နာရီမှ ၇:၃၀ နာရီအထိ ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး နှင့်  IFC မှ Private Sector Specialist ဖြစ်သူ ဦးသစ္စာတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အရာထမ်းများ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ အလုပ်လုပ်ရက် ၆ ရက်ကြာ  ဆက်လက်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။