
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်သည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များလိုက်ပါလျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် တန်ဖိုးမြှင့်နှမ်းများ ဖြစ်သည့် အခွံချွတ်နှမ်း၊ နှမ်းလှော်စေ့၊ နှမ်းလှော်မှုန့်၊ သန့်စင်ပြီးနှမ်း၊ ရောင်စုံနှမ်း၊ နှမ်းလှော်ဆီမွှေး၊ တန်ဖိုးမြှင့်ပဲများဖြစ်သည့် သန့်စင်ပြီးပဲတီစိမ်း၊ သန့်စင်ပြီးမြေပဲ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ Paragon Myay Latt Thar Company Limited သို့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့ သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
