“ မင်းမြတ်ဂုဏ်ကုမ္ပဏီလီမိတက်” ၊ “ ဇွဲကပင်မြေနှင့်ကေဘယ်ကားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်” နှင့် “ ဘားအံထရေးဒေးရှင်းနယ်လော့ချ် ကုမ္ပဏီလီမိတက်” တို့သို့ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘားအံမြို့၊ ကရင်ပြည်နယ်ရှိ မင်းမြတ်ဂုဏ် ကုမ္ပဏီလီမိတက် နှင့် ဘားအံထရေးဒေးရှင်းနယ်လော့ချ် ကုမ္ပဏီလီမိတက် တို့သို့လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဇွဲကပင်မြေနှင့် ကေဘယ်ကား ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလီမိတက် သို့လည်းကောင်း ၂၀၂၀ပြည့်နှစ် သြဂုတ်လ ၁၃ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။