ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား VIDEO CONFERENCING စနစ်ဖြင့် ကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၂ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ်ကို အသုံးပြု၍ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

 အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် Samoa တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခု တို့ကိုအတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း များတွင် CMP စနစ်ဖြင့်  Foam Mattress အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ကင်မရာအိတ် အမျိုးမျိုး ချုပ်လုပ်ခြင်းနှင့် အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်း  လုပ်ငန်းတို့ပါဝင်ပါသည်။ 

 အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၆.၉၆၄ သန်း နှင့် မြန်မာကျပ်ငွေ ၂၁၇၄.၂ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း(၃)ခုတို့မှ  ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၀၇၃ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။