မြန်မာရွှေသစ်သီး စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် နိုင်ငံတကာ အရည်အသွေးမီ ရိုးလိခဲ့သံပုရာသီး စိုက်ပျိုး ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်ရှိ မြန်မာရွှေသစ်သီး စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်သို့ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။