လယ်ယာ ထွက်ကုန်ပစ္စည်းများအား ပြည်ပမှတင်သွင်းခြင်းနှင့် ပြန်လည်တင်ပို့ခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းပြန်လည်သုံးသပ်ရေး အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

လယ်ယာ ထွက်ကုန်ပစ္စည်းများအား ပြည်ပမှတင်သွင်းခြင်းနှင့် ပြန်လည်တင်ပို့ခြင်း လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လုပ်ငန်းပြန်လည်သုံးသပ်ရေး Virtual Meeting တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လုပ်ငန်းပြန်လည် သုံးသပ်ရေး အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဦးအေးလွင်၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)၊ ဦးတိုးအောင်မြင့် အဖွဲ့ဝင် (MIC) နှင့် ကျန်အဖွဲ့ဝင်များ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ စုစုပေါင်း ၁၅ ဦး တက်ရောက် ကြပါသည်။

အစည်းအဝေးတွင် လယ်ယာ ထွက်ကုန်ပစ္စည်းများအား ပြည်ပမှ တင်သွင်းခြင်းနှင့် ပြန်လည် တင်ပို့ခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။