
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်း နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လယ်ယာကဏ္ဍမှ လုပ်ငန်း(၁)ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း(၂)ခုနှင့် အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ လုပ်ငန်း(၃)ခု စုစုပေါင်း လုပ်ငန်း (၆) ခုခွင့်ပြုခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ခြင်း အပါအဝင် အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၂၁၄.၂၂၃) သန်းနှင့် ကျပ် (၂၅၇၃၃) သန်း ရှိပြီး ပြည်တွင်း လုပ်သား များအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၇၄) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံပေါင်း (၅၀) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁,၇၇၉) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း (၈၁၂၄၉.၁၉၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါသည်။ ရင်းနှီး မြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ ဖြစ်ပါသည်။
နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၅၉%) ဖြင့်လည်းကောင်း၊ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ (၂၆.၀၇%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ (၁၃.၉၄%)ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။
