
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် Pegu Travels Company Limited မှ တင်ပြလာသော လုံးချင်းအဆောက်အဦများ ဆောက်လုပ်၍ Resort များ ဖွင့်လှစ်ဆောင်ရွက်ခြင်း လုပ်ငန်း(၁)ခုအား စိစစ်ခဲ့ပြီး အတည်ပြုလျှောက်ထားလွှာအား လက်ခံရန် ဆုံးဖြတ်ခဲ့ပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက KIC Website နှင့် Data Portal အား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် တရားဝင်ကြေညာရန် ဆုံးဖြတ်ခဲ့ပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှစတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၄)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၄)ခု မှ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁၉၄၃ သန်းနှင့် မြန်မာကျပ်ငွေ ၁၅.၂၅ သန်းရှိမည် ဖြစ်ပါသည်။ ယင်းလုပ်ငန်း (၁၄)ခုမှ အလုပ်အကိုင်အခွင့်အလမ်း ၆၀၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
