မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁၀/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မကွေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုမှ  ရင်းနှီးမြှုပ်နှံမှုပုံစံပြောင်းလဲခွင့်ပြုရန် ကော်မတီသို့ တင်ပြလာခြင်းအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။