
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
အမိန့်ကြော်ငြာစာ အမှတ် ( ၅၆ /၂၀၁၈)
ရန်ကုန်၊ ၁၃၈၀ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၃ ရက်
(၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇ ) အရ သတ်မှတ်ဖော်ပြထားသည့် ပုံစံများ
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၄၆၂ (က) အရ အပ်နှင်းထားသည့် အာဏာများကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။
၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရမည့် သတ်မှတ် ဖော်ပြထားသည့်ပုံစံများကို ဤအမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲ ဇယား (၁) တွင် ဖော်ပြ ထားသည်။
၂။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၈၃ (ဂ) အရ ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများ နှင့် ကုမ္ပဏီရှိအခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းသည့် စာရွက်စာတမ်း သည် စာဖြင့်ရေးသားထားရမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဒါရိုက်တာများက သတ်မှတ်ထားသည့် သို့မဟုတ် လက်ခံသဘောတူညီထားသော ပုံစံဖြင့် တင်ပြရ မည်။
၃။ နောက်ဆက်တွဲ ဇယား (၁) ၌ သတ်မှတ်ဖော်ပြထားသည့် ပုံစံများတွင် ဖော်ပြထားသော ကိစ္စများနှင့်စပ်လျဉ်း၍ ၎င်းပုံစံကို အသုံးပြုရမည့်အပြင် မှတ်ပုံတင်အရာရှိက ညွှန်ကြား သည့် နည်းလမ်းအတိုင်း အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် အီလက်ထရောနစ်နည်း လမ်းဖြင့် ဆောင်ရွက်ခြင်းအပါအ၀င် မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရမည်။ သတ်မှတ် ဖော်ပြထားသည့် ပုံစံကို အသုံးမပြုပါက မှတ်ပုံတင် အရာရှိသည် အီလက်ထရောနစ် မှတ်ပုံတင်စနစ်အပါအ၀င် ပုံစံ သို့မဟုတ် စာရွက်စာတမ်း တစ်ခုခု ပေးပို့တင်ပြခြင်းကို လက်ခံရန် ငြင်းဆိုနိုင်သည်။
၄။ ဤအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည့် “အီလက်ထရောနစ် မှတ်ပုံတင် စနစ်” ဆိုသည်မှာ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၄၂၁ အရ မှတ်ပုံတင် အရာရှိက တည်ထောင်ထားသောအီလက်ထရောနစ်နည်းပညာဖြင့်မှတ်ပုံတင်စနစ်ကိုဆိုလိုသည်။
၅။ ဤအမိန့်ကြော်ငြာစာသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက် စေရမည်။
အောင်နိုင်ဦး
ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
မှတ်ချက်။ အထက်ပါပုံစံများကို website link များတွင်ရယူနိုင်ပါသည်။