
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(GIZ)၏ အကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများ ကို တာဝန်ယူ ဆောင်ရွက်နေသည့် အရာထမ်းများနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တာဝန်ယူ ဆောင်ရွက်နေသည့် အရာထမ်းများအား နည်းပညာအကူအညီပေးရန်အတွက် Training & Workshop on Agricultural Value Chain Promotion ကို အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်သည့် အရာထမ်းများ တက်ရောက်ကြပါသည်။

