
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် Infrastructure PPP (Public-Private-Partnership) Institutional Framework ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်မြောက် Case Study in Myanmar ဆိုင်ရာ အစည်းအဝေးကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ Task Force အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် JICA မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ဦး ခန့် တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် IFC မှ Ms. Isabel Chatterton က မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ PPP Project အား Case Study ဖြင့် ရှင်းလင်းတင်ပြပြီး Task force အဖွဲ့ဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။