
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲအသီးသီးမှ အရာထမ်း များအား အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(GIZ)မှ အင်္ဂလိပ်စာ အချိန်ပိုင်းသင်တန်းအား ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း (၃) လကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဂျာမနီ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(GIZ)မှ Mr. Dominik Weidert တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။
