
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)၏ အကူအညီဖြင့် “Investor-State Dispute Settlement Mechanism (ISDS)” အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနတို့မှ အရာထမ်းများနှင့် World Bank Group နှင့် သြစတေးလျနိုင်ငံမှ ကျွမ်းကျင် သူ များ အပါအဝင် စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့်World Bank Group မှ Mr. Charles Schneider တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး World Bank Group နှင့် သြစတေးလျနိုင်ငံမှ ကျွမ်းကျင်သူများက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါ သည်။