
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ၏ အိတ်ဖွင့်တင်ဒါကြော်ငြာအား အများပြည်သူသိရှိနိုင်ရန်အတွက် အသိပေးအကြောင်း ကြားအပ်ပါသည်။
၁။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အောက်ဖော်ပြပါ လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံသား ပြည်တွင်း ကုမ္ပဏီ လုပ်ငန်းရှင် မည်သူမဆို တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
| စဉ် | အကြောင်းအရာ | တည်နေရာ | Lot |
| (က) | လူပျို/အပျိုဆောင်တည်ဆောက်ခြင်း 7 storeyed RC (မြေညီထပ် ကား ပါကင်) (36 Units)(၁၄၁ပေx ၃၀ပေ x ၇၂ပေ) (၆ခန်းတွဲ ၇ထပ်) | သဇင်ရုံလမ်း၊နာဂလှိုဏ်ဂူသိုလှောင်ရုံဝင်း၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။ | Lot (1) |
| (ခ) | အိမ်ထောင်သည်လိုင်းခန်းတည်ဆောက်ခြင်း 7 storeyed RC(မြေညီ ထပ်ကား ပါကင်)(36 Units) (၁၄၁ ပေ x၃၀ပေx၇၂ပေ) (၆ခန်းတွဲ၇ထပ်) | သဇင်ရုံလမ်း၊နာဂလှိုဏ်ဂူသိုလှောင်ရုံဝင်း၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။ | Lot (2) |
၂။ အဆိုပါလုပ်ငန်းများအတွက် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ၁-၁၀-၂၀၁၉ ရက်နေ့မှစတင်ဝယ်ယူနိုင်ပြီး ၃၁-၁၀-၂၀၁၉ ရက်နေ့ ၁၆ ၃၀ နာရီအချိန် နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
၃။ Lot တစ်ခုလျှင် တင်ဒါလျှောက်လွှာ တစ်စောင်နှုန်းဖြင့် Lot ၂ ခု ရောင်းချသွားမည် ဖြစ်ပြီး တင်ဒါနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက တယ်လီဖုန်း အမှတ် ၀၁-၆၅၈၁၂၀ နှင့် ၀၁-၆၅၈၁၄၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန