
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (GIZ) တို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Inya Lake Hotel ၌ 2017 Operational Planning Workshop အား ကျင်းပပြုလုပ်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီတို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အဓိကနယ်ပယ်များကို ပူးပေါင်း၍ သတ်မှတ်ရန်နှင့် လုပ်ငန်းစီမံကိန်းရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ပါသည်။
