ကျော်မိသားစုနှင့် မွေးမြူရေးသမားကြီးများအုပ်စုကုမ္ပဏီလီမိတက်နှင့် မြန်မာကူရိုဒဲ့ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်၊ မကွေးတိုင်းဒေသကြီးစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်း ဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပခုက္ကူမြို့နယ်ရှိ ကျော်မိသားစုနှင့် မွေးမြူရေးသမားကြီးများအုပ်စုကုမ္ပဏီလီမိတက်နှင့် ရေစကြိုမြို့နယ်ရှိ မြန်မာကူရိုဒဲ့ကုမ္ပဏီလီမိတက်သို့ ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကိုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။