
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် နှင့် ရွှေပြည်သာ မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်နှင့် အတွင်းခံ အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ ဆန်အမျိုးမျိုး ကြိတ်ခွဲတင်ပို့ရောင်းချခြင်း လုပ်ငန်း (၈၅% ပြည်ပသို့ တင်ပို့၍ ၁၅% အား ပြည်တွင်းတွင် ရောင်းချခြင်း) နှင့် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေ အနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။