
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ ဦးဆောင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းအတွင်းရှိ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် သတ္တုအရည်ကြိုစက်ရုံ တည်ဆောက်၍ အလူမီနီယံ နှင့် Stainless Steel သတ္တုတုံးများထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တိုင်များ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းတို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် သွားရောက်၍ တည်ဆောက်ရေးကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
