
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
လုပ်ငန်းကြီးလုပ်ကိုင်သော အလုပ်ရှင်များအတွက် စည်းမျဉ်းနှင့် နည်းဥပဒေအသစ်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပြဌာန်းပေးထားသော်လည်း [နိုင်ငံခြားသားနှင့် မြန်မာ နိုင်ငံသား အလုပ်သမားခန့်ထားမှုနှင့် စပ်လျဉ်းသည့် အခြေခံဥပဒေမူဘောင်ကို မြန်မာကုမ္ပဏီ များဥပဒေတွင် ပြဌာန်းသတ်မှတ် ပေးထားသည်။
ဤဥပဒေများအရ အလုပ်ရှင်အားလုံးတို့သည် အောက်ပါအတိုင်း တာဝန်ရှိသည်-
ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း ၄င်း၏ ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် မည်သည့်နိုင်ငံသားကိုမဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင် မှုနှင့် အကြံပေးအဖြစ် ဥပဒေများနှင့်အညီ ခန့်အပ်နိုင်သည်။
နိုင်ငံခြားသားနှင့် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်း များခန့်အပ်ရာတွင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထား ရမည်။
သို့သော် အလုပ်မခန့်အပ်မီသင်တန်းကာလ သို့မဟုတ် အစမ်းခန့်ကာလတွင် ခန့်အပ်ရန် လျာထားသည့် အလုပ်သမားများအား ယင်းသို့ စာချုပ်လက်မှတ်ထိုးရန် သတ်မှတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားသည်။ သဘောတူညီချက်သည် အလုပ်ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ပြည့်စုံအောင် အသေးစိတ်ရေးဆွဲထားပြီး အောက်ပါတို့ကို ရှင်းလင်းစွာ ဖော်ပြထားရမည်။