
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ တို့အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းများ ဆောင် ရွက်နေသည့် ကုမ္ပဏီများတွင် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြားသားများ၏ နေထိုင်ခွင့်၊ သက်တမ်းတိုးမြှင့်ခွင့်၊ ပြည်ပြန်ဝင်ခွင့် နှင့် အလုပ် သမား မှတ်ပုံတင်ကတ် လျှောက်ထားရာတွင် ထောက်ခံချက်ရရှိရေးအတွက် အောက်ပါစာရွက် စာတမ်းများလိုအပ်ပါသည်-
(က) ကုမ္ပဏီ ၏တင်ပြစာ ၊ကိုယ်စားလှယ်လွှဲစာ။
( ခ ) အဆိုပြုချက်ပါ ပြည်တွင်း၊ ပြည်ပ ဝန်ထမ်းဦးရေစာရင်း မိတ္တူ။
( ဂ ) ကုမ္ပဏီ မှခန့်ထားပြီး ပြည်တွင်း၊ပြည်ပ ဝန်ထမ်းဦးရေ နှင့်နိုင်ငံခြားသားအမည်စာရင်း။
(ဃ) နိုင်ငံခြားသား ၏ Passport မိတ္တူ။
(င) နိုင်ငံခြားသား ၏ ကိုယ်ရေးရာဇဝင် ( CV Form)။
(ကိုယ်တိုင် နှင့် MD လက်မှတ်ရေးထိုးရန်)
(စ) အသစ်လျှောက်ထားပါက BOD အဖွဲ့၀င်၏ တာ၀န်ယူကြောင်း ထောက်ခံချက်။
(ဆ) အလုပ်သမား မှတ်ပုံတင် သက်တမ်း တိုးမြှင့်ပါက ယခင်ခွင့်ပြုပေးသည့် အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ။
(ဇ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်မိတ္တူ ။
(စျ) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ နှင့် Form 6/26 မိတ္တူ။
(ည) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအတွက် ပုံစံ ဝယ်ဖြည့်ရန် (ပုံစံ-၈/ ပုံစံ-၉)။
(ဋ) ကုမ္ပဏီ မှ နိုင်ငံခြားသားပညာရှင်များအားခန့်ထားသည့်အလုပ်ခန့်စာ မိတ္တူ။
၂။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပြီး နှုတ်ထွက်သူနေရာတွင် အစားထိုးခန့်ထား မည်ဆိုပါက အောက်ပါစာရွက်စာတမ်းများ ထပ်မံလိုအပ်ပါသည်-
(က) ကုမ္ပဏီမှနှုတ်ထွက်ကြောင်းတင်ပြစာ။
(ခ) လေယာဉ်လက်မှတ် (သို့မဟုတ်) e-ticket မိတ္တူ။
(ဂ) နောက်ဆုံးသက်တမ်းပါသော Passport မိတ္တူ (သို့မဟုတ်)
OSS မှနောက်ဆုံးသက်တမ်းယူထားသော ထောက်ခံချက်
ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့
ဖုန်း ၀၁- ၆၅၇၈၉၂
၀၁-၆၅၇၈၉၃
၀၁-၆၅၈၁၄၄